• English
  • ဗမာစာ

  • 5
    MAR 2019

    ဝိသာခါပုဏ္ဏမှီဂုဏ်ဝေ (၄) ထပ်ခွဲကျောင်းဆောင်ဖွင့်ပွဲ

    ၂၀၁၉ ခုနှစ် မတ်လ (၅) ရက်နေ့တွင် ဝိသာခါပုဏ္ဏမှီဂုဏ်ဝေ သီလရှင်သင်စာသင်ကျောင်းနှင့် ပရဟိတဂေဟာ (၄) ထပ်ခွဲကျောင်းဆောင်ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချို နှင့် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် တို့မှ ကျောင်းဆောင်သစ် ဆိုင်းဘုတ် ကို စက်ခလုပ် နှိပ် ဖွင့်လှစ်ပေးခဲ့ပါ သည်။ ဒုတိယသမ္မတဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦး ဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ လူမူ့ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ဝိသာခါ ဖောင်ဒေးရှင်းဦးဆောင်နာယကပါမောက္ခ ဒေါက်တာဝင်းမင်းသစ်၊ ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်မေယဉ်ထွန်း ၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ဇနီး ဒေါ်သက်သက်အောင်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ၏ဇနီး ဒေါ်ခိုင်မေကြူ ၊ ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာစုလှဟန် တို့မှ ကျောင်းဆောင်သစ်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်မှ မုဒိတာစကား ချီးမြှင့်ပေးခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက် လာကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

    Recent News & Events

    Visakha foundation
    Visakha Foundation
    donation in myanmar
    2025 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.