၂၀၁၈ ခုနှစ် ဧပြီလ (၂၈) ရက်နေ့ မှ မေလ (၁)ရက်နေ့အထိ ဝိသာခါဖောင်ဒေးရှင်း၏ (၁၈) ကြိမ်မြောက် မျက်စိအလင်းဒါနလှူဒါန်းခြင်းအဖြစ် “ ဝိသာခါ ဖောင်ဒေးရှင်း” ” L’Occitane Foundation” နှင့် Medi Myanmar Group Ltd” တို့ ပူးပေါင်း၍ ကယားပြည်နယ် လွိုင်ကော်မြို့ ၊ ချိကယ် ကန္ဒရဝတီကျောင်းဝန်းရှိ သီတဂူ တက်လမ်း စက္ခုဒါနမျက်စိဆေးရုံတွင် မျက်စိ ရောဂါ ဝေဒနာရှင် ( ၅၀၀ ) ကျော်ကို စမ်းသပ် စစ်ဆေး ပေးပြီး မျက်စိ အတွင်းတိမ် လူနာပေါင်း (၁၂၀) ဦး အား အခမဲ့ မျက်စိခွဲစိပ် အလင်းဒါနပြုလုပ်လှူဒါန်းခဲ့ပါသည်။ ၂၉.၄.၂၀၁၈ တွင် လူနာ (၄၀၀) ကျော်အား အထွေထွေ ဆေးကုသနိုင်ရန် အတွက် ငွေကျပ် သိန်း (၁၀၀) တိတိနှင့် ဆေးဝါးများကို သီတဂူ ရွှေပြည်ဟိန်း ဆရာတော်အား လှူဒါန်းခဲ့ပါသည်။