• English
  • ဗမာစာ


  • 26 July 2020

    ဝိသာခါ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပရဟိတ ကျောင်းဆောင်” ဖွင့်ပွဲအခမ်းအနား

    ၂၆.၇.၂၀၂၀ တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ သီတဂူကျောင်းတိုက်တွင် ဝိသာခါဖောင်ဒေးရှင်းမှ ကျပ် ငါးရာ လေးဆယ့် ရှစ်သိန်း ကျော် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းခဲ့သည့် ဝိသာခါ အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပရဟိတ ကျောင်းဆောင်” ကို ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရေတာရှည်မြို့ သီတဂူကျောင်းတိုက်ဆရာတော် ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း ၊ ဝိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ်နှင့် ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာ စုလှဟန်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို ဖွင့်ပွဲအခမ်းအနား တွင် ဝိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ်မှ ဆောက်လုပ်လှူဒါန်း ရခြင်း အကြောင်း၊ ဝိသာခါဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာ စုလှဟန်နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ခိုင်ဇော်မှ အသက်မွေးဝမ်းကျောင်း သင်တန်း အတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပေးရခြင်း အကြောင်း၊ သင်ထောက်ကူပစ္စည်းများ လှူဒါန်းရခြင်း အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းတို့မှ မုဒိတာစကား ပြောကြားခြင်း၊ သီတဂူကျောင်းတိုက်ဆရာတော်မှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ကျောင်းဆောင်ကို အမွှေးနံ့သာများပက်ဖြန်းကာ အမှတ်တရ ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
    “ ဝိသာခါ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပရဟိတ ကျောင်းဆောင်” ကို ဝိသာခါဖောင်ဒေးရှင်းမှ ကျပ် သိန်း (၄၄၀) ကျော်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် မှ ကျပ် (၅၇) သိန်းကျော် တန်ဖိုးရှိ ကွန်ပျူတာများ၊ Rotary Club of Victory Myanmar မှကျပ် သိန်း (၃၀) ကျော် တန်ဖိုးရှိ အပ်ချုပ်စက်များ၊ သုဇာတာ ဖောင်ဒေးရှင်းမှ ကျပ် ၅ သိန်း ၅ သောင်း တန်ဖိုးရှိ ပရိဘောဂများနှင့် တခြား အလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဝိသာခါ အမျိုးသမီးအသက်မွေးဝမ်းကျောင်း ပရဟိတ ကျောင်းဆောင်နှင့် သင်ထောက်ကူ ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

    Recent News & Events

    donation in myanmar
    2025 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.