ဝိသာခါဖောင်ဒေးရှင်းဆိုတာ…. ပညာရေး ကျန်းမာရေး လူမူ့ရေး ဆိုတဲ့ ကဏ္ဍ(၃)ရပ်နှင့်အညီ ပြည်သူ့အကျိုးပြုတဲ့လုပ်ငန်းကိစ္စတွေကို ယခုချိန်ထိဆောင်ရွက် လုပ်ကိုင်နေတဲ့ Non Profit ဖောင်းဒေးရှင်း တခုဖြစ်ပါသည်။… 💜ဝိသာခါဖောင်ဒေးရှင်းမှာဆိုရင် … တကယ်ကို နွေးထွေးတဲ့မေတ္တာ၊ ခေါင်းဆောင်ကောင်းစိတ်ဓါတ်နဲ့ ညီမတွေကို သင်ပြပေးခြင်း၊ ခေါင်းဆောင်အမတွေကိုယ်တိုင်ကလည်း အနစ်နာခံကာ လုပ်ကိုင်သင်ပြပေးခြင်း၊ အသင်းဝင်ညီမများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ပြောဆို လုပ်ကိုင်ကြခြင်း …စသည် ပြောရရင် အများကြီးရှိတဲ့ ကိစ္စအဝဝတွေကို စည်းလုံးညီညွတ်စွာလုပ်ကိုင်နေကြတဲ့ အသင်းမို ကျမတိုတွေအားလုံး ချစ်ခင်တန်ဖိုးထားရတဲ့ အသင်းဖြစ်ပါသည်။ 💜💜 💜တနှစ်တခါမှ အသင်းသားတွေဆုံတွေ့ကြတဲ့ နှစ်ပတ်လည်နေ့မှာ အသင်းဝင်အသစ် စုစုပေါင်း (၄၁)ယောက်ကို ကြိုဆိုတဲ့နေ့လေးလည်းဖြစ်ပါတယ်…ဝိသာခါအသင်း၏လုပ်ငန်းဆောင်ရွက်မူ့များကို နှစ်သက်ကြပြီး တနှစ်ထက်တနှစ် များစွာဝင်ရောက်လာကြတဲ့ အသင်းဝင်သစ် ညီအမများကို နွေးထွေးချစ်ခင်စွာကြိုဆိုရတာလည်း မင်္ဂလာရှိတဲ့ အစဉ်အလာနဲ့နေ့ရက်လေးပါသည်။💜💜💜 💜နောင်နှစ်တွေမှာလည်း ယခုလို အသင်းဝင်သစ်များကို ကြိုဆိုရင်းနှစ်ပတ်လည်အခမ်းအနားကိုလည်းကျင်းပကြပါလိမ့်မည်ဟုမျှော်လင့်မိပါတယ်… 💜ဝိသာခါဖောင်ဒေးရှင်း၏လုပ်ငန်းဆောင်တာများကို ယုံကြည်ပြီး လှူဒါန်းကျသော ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ရဟန်းသံဃာတော်များ၊အားလုံးကိုလည်း ဒီနေရာမှ အသင်းဝင်များအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ …. ၁၃.၇.၂၀၂၃ (သောကြာနေ့)
စတုတ္ထအကြိမ်မြောက် ဝိသာခါဖောင်ဒေးရှင်း၏ဝါဆိုသင်္ကန်းကပ်လှူပွဲ
ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်း.
ဝေဘာဂီ အထူးကု ဆေးရုံကြီး( မြောက်ဥက္ကလာပမြို့နယ် )တွင် အရေးပေါ်လိုအပ်လျက်ရှိသော US dollar -6500 တန်ဖိုးရှိ Philips Cardiac Defibrillator DFM100 နှလုံး နိုးစက်ကို အပူပိုင်း နှင့် ကူးစက် ရောဂါ ပညာ ဌာန Professor Dr. ဒေါ် စပယ် ဖြူ ထံသို့ ပေးအပ်လှူဒါန်းခြင်း
HCA-16th Batch(အာရှတော်ဝင်ဆေးရုံ)သင်တန်းဆင်းပွဲ
မျက်စိအခမဲ့စမ်းသပ်စစ်ဆေးခြင်း.